Dhamma: ပုထုဇဉ် နှင့် သောတာပန်

Fun for My Friends

Saturday, January 16, 2010

ပုထုဇဉ် နှင့် သောတာပန်

ပုထုဇဉ် (၂) မျိုး ။
( ၁ ) အန္ဓ ပုထုဇဉ် = ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဥာဏ်ဖြင့်ပင် မသိသူ ။
(၂) ကလျာဏ ပုထုဇဉ် = ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဥာဏ်ဖြင့် သိပြီး ၊ စိန္တာမယ ဥာဏ်ဖြင့်လည်း ဝေဖန်သုံးသပ် ဆင်ခြင်တွေးခေါ်နိုင်သော ဥာဏ်ရှိသူ ။

သောတာပန် (၂ ) မျိုး ။
(၁) စူဠသောတာပန် = ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဥာဏ်ဖြင့် သိပြီး ၊ စိန္တာမယ ဥာဏ်ဖြင့်လည်း ဝေဖန်သုံးသပ် ဆင်ခြင်တွေးခေါ်နိုင်ပြီး ဖြစ်မှု ၊ပျက်မှု သဘောတရားကို မြင်သောပုဂ္ဂိုလ် ။ ( ၀ိပဿနာ ရှုလို့ ဥဒယ-ဘယ ဥာဏ်ကိုရောက်ရင်ကို အကျိုးများတယ် လို့ ဆရာတော်များ ဟောကြားကြတာ ဒါကြောင့်လည်း ဖြစ်ပါတယ် ။ )

အဆင့်အတန်း ။
(က) တစ်ဘ၀ ( သို့ ) နှစ်ဘ၀ အပယ် မလားပါ။
(ခ) အသိတရားအဆင့် ( ညာတပရိညာ )
(ဂ) အပွားအဆင့် ( တရားအားထုတ်မှု၍ ဒိဌိမပြုတ်သေး ၊ ဒုဗ္ဗလ ( အားနည်းသော ) ၀ိပဿနာ )

(၂) မဟာသောတာပန် = ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဥာဏ်ဖြင့် သိပြီး ၊ စိန္တာမယ ဥာဏ်ဖြင့်လည်း ဝေဖန်သုံးသပ် ဆင်ခြင်တွေးခေါ်ရုံသာမကဘဲ ၊ ဘာဝနာမယဥာဏ်ဖြင့် ကြိမ်ဖန်များစွာ ကြိုးစားပွားများနေသောကြောင့် ခန္ဓာ(၅)ပါး ၊ ရုပ်နာမ် (၂)ပါး၏ ဖြစ်ပျက်ကို မြင်၊ ဖြစ်ပျက်ကို မုန်း ၊ ဖြစ်ပျက်၏ဒုက္ခာကြီး ချုပ်ဆုံးမှုကိုပါ မြင်သော ပုဂ္ဂိုလ် ။

မဟာသောတာပန် (၄)မျိုး ။
(က) သတ္တက္ခတ္တုပရ သောတာပန် = (၇) ကြိမ် ပဋိသန္ဓေ နေပြီး နိဗ္ဗာန်ဝင်သူ
(ခ) ကောလံကောလသောတာပန် = လူနတ်ဘ၀ နှင့် ၂ ဘ၀မြောက်မှ ၊ ၆ ဘ၀မြောက်အထိသာ နေပြီးနိဗ္ဗာန်ဝင်သူ (၂၊၃၊၄၊၅၊၆ ကြိမ် ပဋိသန္ဓေ နေပြီး နိဗ္ဗာန်ဝင်သူ )
(ဂ) ဧကဗီဇီ သောတာပန် = လူနတ်ဘ၀ နှင့် ၁ ကြိမ် သာနေပြီး နိဗ္ဗာန်ဝင်သူ
(ဃ) ဘုံစဉ်စံ သောတာပန် = သုဒ္ဓါဝါသ ဗြဟ္မဘုံကိုချန်ပြီး ကျန်သုဂတိဘုံများ တွင် တစ်ဘ၀ပြီး မြင့်ကာ မြင့်ကာ ဘုံစဉ်စံပြီး နိဗ္ဗာန်ဝင်သူ ( ၀ိသာခါ ၊ သိကြားမင်း ၊ အနာတပိဏ်- မိုးကုတ်တရားမှဥပမာ )

သောတာပန်နဲ့ ပုထုဇဉ် ကွာခြားချက်ကတော့ အပေါ်က ရေးထားတာတွေပါပဲ ။
(၁) ပုထုဇဉ် သည် လောဘ၊ဒေါသ၊မောဟ ၊ ကိလေသာ နဲ့ ဆုံရင် ဖြစ်ကြောရှည်တယ် ။ သောတာပန် သည် ဖြစ်ကြောတိုတယ် ။ ကိလောသာထတိုင်း သတိနဲ့ သိတယ် ။
(၂) ပုထုဇဉ် သည် ကိလေသာ နဲ့ ဆုံရင် ကိလေသာကို အလိုလိုက်တယ်။ အခွင့်အရေးပေးတယ်။ သောတာပန် က ငြိမ်းအေးအောင် ချက်ချင်းကြိုးစားတယ်။
(၃) ပုထုဇဉ် သည် အဟောပြောကောင်းသူနဲ့တွေ့ရင် အားလုံးပြောင်းလဲတွေဝေတယ်။ သစ္စာတရားအပေါ်မှာ ခိုင်မာသော ယုံကြည်မှု မရှိဘူး။ သောတာပန် က ထွက်မြောက်ရာလမ်းသည် မဂ္ဂ (၈)ဖြာ ဗုဒ္ဓသာသနာ မှာပဲရှိကြောင်း အကြွင်းမဲ့ ယုံတယ်။
..........စသည် ဖြင့် ( ၇)ချက်ပါပဲ ။

သောတာပန်ဖြစ်ရန် အင်္ဂါ (၄) ပါး

သောတာပန်ဖြစ်ချင်ရင် အင်္ဂါလေးချက်နှင့် ညီညွတ်အောင် နေထိုင်ရမယ်၊ ကျင့်သုံးရမယ်လို့ မြတ်စွာဘုရားကိုယ်တိုင် ဟောထားတာရှိသားပဲ။ အင်္ဂုတ္တိုရ်ပါဠိတော်မှာ ပါတယ်။

(၁) သပ္ပုရိသသံသေဝေါ (သူတော်ကောင်းနှင့်ပေါင်း။)
(၂) သဒ္ဓမ္မဿဝနံ (သစ္စာတရားမျိုးကို ရွေး၍နာ။)
(၃) ယောနိသော မနသိကာရော (မှန်မှန်ကန်ကန် ကြံဆ၊ ဆင်ခြင်နှလုံးသွင်း။)
(၄) ဓမ္မာနုဓမ္ဓပဋိပတ္တိ (ရနိုင်လောက်အောင်ဇွဲ သန်သန်ဖြင့် အားထုတ်။)

(မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀သာသနာ)
တရားထူးဖြင့် ချမ်းသာကြပါစေ ။

No comments: